Monday, December 30, 2013
Thursday, December 26, 2013
HUAWEI T8833 vibrator တောက်လျှောက်မည်ပြီးစက်မနိုးသည်ကိုစက်ပြန်နိုးခြင်းမှတ်စု။
vibrator တလျှောက်လုံးမည်နေသည့်အတွက် vibrator input coil ကိုဖြုတ်လိုက်၍ စက်ပြန်နိုးကြည့်ပါသည်။
supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိပြန်ကျနှင့် တက်လိုက်ကျလိုက်ဖြစ်နေသော်လည်းရုတ်တရက်ကြည့်လျှင်စက်နိုးနေသည်ဟုထင်ရသော်လည်း
display တွင်ရုပ်လုံးဝမပေါ်ပါ။ထို့ကြောင့်စက်သားကိုဖြုတ်၍ပေါင်းပါသည်။စက်နိုးကြည့်ရာ supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိ ပြန်ကျလိုက်
ဖြစ်ပြီး ပါဝါပိတ်လိုက် ဖွင့်လိုက် ၅ ကြိမ်လောက်တွင်တစ်ကြိမ် နိုးသည်ကို အံ့သြစွာတွေ့ရပါသည်။သို့သော် fastboot mode တွင်ရပ်၍ရှေ့ဆက်မတက်ပါ။
ထိုအချိန်တွင် supply တွင် 0.5 မှ 0.7 amp လောက်အတက်အကျဖြစ်နေပါသည်။
volume busbarr ကိုဖြုတ်၍ သန့်ရှင်းရေးလုပ်ပြီး volume conector input သို့ volt ထောက်ကြည့်ရာ 1.7 volt ကို အသံကျယ်ရော အသံတိုးရော volt ၂ နေရာလုံးကောင်းမွန်စွာပြနေသည်ကိုတွေ့ရပါသည်။စဉ်းစားကြည့်ပါမည်။
ဖြုတ်ထားသော vibrator input coil လေးကိုပြန်တပ်ပေးလိုက်ပါသည်။vibrator လည်းပုံမှန်အတိုင်းအလုပ်လုပ်နေသည်ကို တွေ့ရပါသည်။
supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိပြန်ကျနှင့် တက်လိုက်ကျလိုက်ဖြစ်နေသော်လည်းရုတ်တရက်ကြည့်လျှင်စက်နိုးနေသည်ဟုထင်ရသော်လည်း
display တွင်ရုပ်လုံးဝမပေါ်ပါ။ထို့ကြောင့်စက်သားကိုဖြုတ်၍ပေါင်းပါသည်။စက်နိုးကြည့်ရာ supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိ ပြန်ကျလိုက်
ဖြစ်ပြီး ပါဝါပိတ်လိုက် ဖွင့်လိုက် ၅ ကြိမ်လောက်တွင်တစ်ကြိမ် နိုးသည်ကို အံ့သြစွာတွေ့ရပါသည်။သို့သော် fastboot mode တွင်ရပ်၍ရှေ့ဆက်မတက်ပါ။
ထိုအချိန်တွင် supply တွင် 0.5 မှ 0.7 amp လောက်အတက်အကျဖြစ်နေပါသည်။
volume busbarr ကိုဖြုတ်၍ သန့်ရှင်းရေးလုပ်ပြီး volume conector input သို့ volt ထောက်ကြည့်ရာ 1.7 volt ကို အသံကျယ်ရော အသံတိုးရော volt ၂ နေရာလုံးကောင်းမွန်စွာပြနေသည်ကိုတွေ့ရပါသည်။စဉ်းစားကြည့်ပါမည်။
နံပါတ်တစ်အချက် vibrator တောက်လျှောက်မည်နေခြင်း။
နံပါတ်နှစ်အချက် logo တွင်ရပ်နေခြင်း။
နံပါတ်သုံးအချက် စက်သည်ပုံမှန်အတိုင်း နိုးခြင်းမဟုတ်ပဲ နိုးတစ်လှည့် (logo တွင်ရပ်နေသည်။)၊ မနိုးတစ်လှည့် (display တွင်ရုပ်မပေါ်ပဲ 0.3 amp အထိတက်၍ 0.1 amp အထိပြန်ကျလိုက်ဖြစ်နေခြင်း။)
ထိုအချက်များကိုဆက်စပ်စဉ်းစားကြည့်ရာ စက်ပြားတွင် ၁.အအေးဓါတ် တော်တော်ရှိနေနိုင်ခြင်း။(ပေါင်းခဲ့သော်လည်း အအေးဓါတ် မကုန်။)
၂.ခဲချက်များလွတ်နေနိုင်ခြင်း
ထို ၂ ချက် ကို တခါထည်းလုပ်ကြည့်ပါမည်။ကျွန်တော်လုပ်သလိုတော့ အားလုံးကို မလုပ်စေလိုပါ။ကျွမ်းကျင်ပြီးသူများသာလုပ်ပါရန်။
မကျွမ်းကျင်သေးသူများကတော့ ကျွန်တော်ပညာသင်စကလို ခဲဂေါက်နှင့်သာ လုပ်စေလိုပါသည်။ ခဲဂေါက်နှင့်လုပ်လျှင်လည်းရပါသည်။အချိန်ယူ၍လုပ်မည်ဆိုလျှင်
အဆင်ပြေပါသည်။
ခဲဂေါက်နှင့် လုပ်မည်ဆိုလျှင် မိမိလုပ်မည့် ic အပေါ်ကိုထင်းရှူးဆီ အနဲငယ်သုတ်ပေးပါ။ထင်းရှူးဆီ မများရန်နှင့် အပူပေးနေစဉ် ထင်းရှူးဆီ ခြောက်မသွားရန်သတိပြုပါရန်။

ခဲဂေါက်ထိပ် ခဲကိုများများတို့၍ မိမိလုပ်မည့် ic အပေါ်ကို လိုက်အပူပေးရပါမည်။
ကျွန်တော်ကတော့ heatgun ဖြင့်အပူပေးပါသည်။
စက်သည်ကောင်းမွန်စွာနိုးသွားသော်လည်း စပီကာအသံလုံးဝမထွက်ပါ။နောက်ဖုံးကိုကြည့်လိုက်တော့စပီကာ မပါလာ။စပီကာအစားထိုးသော်လည်းအသံမထွက်ပါ။တော်တော်ဒုက္ခပေးပါသည်။ပါတ်လမ်းပျက်နေဟန်တူပါသည်။ပုံမှန်အတိုင်းတော့မရနိုင်တော့ပါ။နားကြပ်ပေါက်သို့ အသံ ရောက် မရောက် စစ်ပါမည်။နားကြပ်ထိုးရာ အသံကောင်းမွန်စွာ ကြားရပါသည်။ထိုနားကြပ်ထိုးလျှက် ပုံတွင်တွေ့ရသည့်နေရာများသို့ ဇာဂနာဖြင့်တို့ကြည့်၍
စမ်းပါသည်။ထိုနေရာများမှ ပုံတွင်တွေ့ရသည့်အတိုင်း jumper လုပ်ပြီးသကာလ။good-------
စမ်းပါသည်။ထိုနေရာများမှ ပုံတွင်တွေ့ရသည့်အတိုင်း jumper လုပ်ပြီးသကာလ။good-------
Tuesday, December 24, 2013
ZTE WP560C အထိုင်ဖုန်း BATTERY ပြုပြင်ခြင်းမှတ်စု။
zte wp560c battery ပြုပြင် စက်နိုးခြင်းမှတ်စု။
battery ဖြုတ်ပြီးစက်နီုးကြည့်ရာစက်သည် ကောင်းမွန်စွာ နိုးသည်ကိုတွေ့ရပါသည်။ထို့ကြောင့် battery မှ ပလပ်စတစ်ခေါင်းကိုပုံထဲတွင် ပြထားသည့်အတိုင်းဖြုတ်ပါသည်။
battery ဖြုတ်ပြီးစက်နီုးကြည့်ရာစက်သည် ကောင်းမွန်စွာ နိုးသည်ကိုတွေ့ရပါသည်။ထို့ကြောင့် battery မှ ပလပ်စတစ်ခေါင်းကိုပုံထဲတွင် ပြထားသည့်အတိုင်းဖြုတ်ပါသည်။
အနီ၊အနက် ၂ ချောင်းကို supply တွင်တပ်ကြည့်ရာ ampere လုံးဝမပြပါ။battery ကိုခွာ၍ battery circuit ကိုကျော်ပြီး supply တပ်ကြည့်ရာsupply လုံးဝတပ်၍ မရပါ။supply တွင် အလန်းပေး၍ auto shutdown ဖြစ်ပါသည်။battery circuit ကိုဖြုတ်၍ supply တပ်မည်ဆိုလျှင် battery ကောင်းသည် ဆိုပါက supply တွင် ampere ပြမည်မှာ အမှန်ပင်ဖြစ်သည်။
battery circuit ကိုမဖြုတ်ပဲ supply တပ်၍မရခြင်းသည် circuit သို့ reverse ကြောင့်ဟုယူဆပါသည်။circuit ကောင်း၍ှသာ reverse ပြသည်ဖြစ်ရာ battery အဝင်
ကြိုးများတွင် supply တပ်စဉ် ampere မပြခြင်းမှာ circuit လိုင်းတွင် open ဖြစ်နေခြင်းဟု
ယူဆပြီး ထင်းရှူးဆီ အနဲငယ် သုတ်၍ ခဲဂေါက်တွင် ခဲအနဲငယ် ယူပြီး ခဲပြန်လိုက်ပေးပြီး battery အဝင်ကြိုးကို supply နှင့်တပ်ကြည့်ရာ ampere ပြန်ပြသည်ကိုတွေ့ရသည်။

battery အားသွင်းကြည့်ရာ ကောင်းမွန်စွာ အားဝင်နေသည်ကို တွေ့ရပါသည်။power နိုးကြည့်ရာ ကောင်းမွန်စွာနိုးသည်ကိုတွေ့ရပါသည်။
အောင်မြင်ကြပါစေ။
Monday, December 23, 2013
HUAWEI Y220T NO POWER စက်နီုးမှတ်တမ်း။
huawei 220t no power စက်ပြင်မှတ်တမ်း။
သိမ်းထားလိုသူတွေအတွက်-http://www.mediafire.com/download/9m5rqfivo5idgum/huawei+220t+no+power.pdf
အောင်မြင်ပါစေ။
supply နှင့် တပ်၍ နိုးလျှင် စက်မနိုးပဲ 0.2 amp ပြနေပြီး၊ပါဝါခလုတ်ကို လွှတ်လျှင်လဲ ပြန်မကျပဲ ထိုအတိုင်းပြနေသည်။ထို့ကြောင့် battery ပြန်တပ်ပြီး usb ကြိုးနှင့် pc ကိုတပ်ကြည့်ရာ battery အားသွင်းပုံပြနေပါသည်။သို့သော် ပါဝါနိုး၍မရပါ။ပါဝါခလုတ် ပျက်သည် ထင်၍ မီတာ x1 scale နှင့် ထောက်ပြီး ပါဝါခလုတ်နှိပ်ကြည့်ရာ မီတာတက်သည်ကို တွေ့ရပြီး ပြန်လွှတ်လျှင် ပြန်ကျရာ
ပါဝါခလုတ်လည်း ကောင်းနေပြန်သည်။
သို့သော် ပါဝါ ခလုတ် ကိုမနှိပ်ပဲ ဒီအတိုင်း မီတာထောက်ထားရာ မီတာ တက်နေသည်ကို တွေ့ရပါသည်။
ဒါဆို ပုံဆံပြောင်း တိုင်းမှ အဆင်ပြေတော့မည်။
supply နှင့်ပြန်တပ်ပြီး ပါဝါခလုတ်ကို volt ရောက်၊မရောက် တိုင်းကြည့်ရာ ပေးသွင်းဗို့ 3.7 volt
ကို တွေ့ရပါသည်။အဲ့ဒိအတိုင်း ပါဝါခလုတ်ကို နှိပ်ကြည့်ရာ ပုံမှန်အတိုင်းဆိုရင် 3.7 volt မှ 0 volt သို့ပြောင်းရ မည်ဖြစ်ရာ မပြောင်းပဲ 3.7 volt အဖြစ်သာ တွေ့ရသည့်အတွက် အဖြေတော်တော် ရှင်းသွား
ပါပြီ။ပါဝါခလုတ် ခဲရာလေးများကို ခဲပြန်ဆော် ပေးလိုက်ပါသည်။
3.7 volt မှ 0 volt သို့ပြောင်း၊မပြောင်း ပြန်စစ်ကြည့်ရာ 0 volt သို့ပြောင်းသွားပြိး စက်လည်း နိုးသွားပါသည်။
သိမ်းထားလိုသူတွေအတွက်-http://www.mediafire.com/download/9m5rqfivo5idgum/huawei+220t+no+power.pdf
အောင်မြင်ပါစေ။
Saturday, December 14, 2013
HUAWEI U8825D မီးမလင်းကိုလင်းစေသည့်မှတ်စု။
ပါဝါခလုတ်လေးမပါ၍ ပါဝါခလုတ်အဟောင်းလေးထည့်ကြည့်သည်။
နိုး၍မရပါ။ပုံထဲကအတိုင်းခွာ၍ သန့်ရှင်းလုပ်။ဓါးနဲ့ဖြေးဖြေးခြင်းခြစ်။
volt ထွက်၊မထွက်ကြည့်။1.4 volt ကိုတွေ့ရမည်။
ပါဝါခလုတ်အပိုင်းပြီးသွားတော့ ခလုတ်ကောင်း၊မကောင်းစစ်ကြည့်ပါမည်။ပါဝါကိုနှိပ်လျှင်ပုံထဲမှာပြထား
သလို 3.7 volt မှ 0 volt ကိုပြောင်းရပါမည်။volt ပြောင်းသည့်အတွက်
ခလုတ်ကောင်းသည်ကိုတွေ့ရပါသည်။
supply အရ စက်နိုးပါသည်။display မှာဘာပုံမှမထွက်ပါ။
backlight အပိုင်းကိုကိုင်ပါမည်။
မပါလာတာအစားထည့်၍ သက်ဆိုင်ရာအပိုင်းကို အပူပေးပါသည်။
ကောင်းမွန်သောရုပ်ထွက်ကိုရရှိပါသည်။
Friday, December 13, 2013
အားသွင်းလွန်၍စက်မနိုးတော့သည့်GALAXY S4

အားသွင်းရင်းအဲ့ဒီလိုဖြစ်သွားတာလို့ပြောပါတယ်။အဲ့ဒီလိုဖြစ်တဲ့အလုံးတော်တော်များများကတော့
supply နဲ့ပြန်နိုးတတ်ပါတယ်။ဒီအလုံးလေးကမနိုးဘူး။
supply နဲ့တပ်ပြိးနိုးရင် 0.2 amp တက်ပြိး
ပါဝါခလုတ်ကိုလွှတ်လိုက်ရင် 0 ကိုပြန်ရောက်နေတယ်။
ဘာရှော့မှလည်းမပြဘူး။
ပါဝါခလုတ်ကို volt ထောက်ပါတယ်။
2.7 volt တွေ့ရပါတယ်။ခလုတ်ကောင်း၊မကောင်းစစ်ပါတယ်။
ခလုတ်လဲကောင်းပါတယ်။ကောင်းလို့လဲ 0.2 amp တက်တာနေမှာပေါ့။
SAMSUNG S2MPS 11 ဆိုတဲ့ကောင်လေးကို အပူနဲနဲလောက်ရှိတ်လိုက်ပါတယ်။
ပါဝါခလုတ်မှာ volt ပြန်တိုင်းပါတယ်။1.7 volt ဆိုပြိးပြောင်းသွားတာတွေ့ရပါတယ်။
နိုးကြည့်လိုက်ပါတယ်။နိုးတယ်လို့ထင်ပါတယ်။သေချာအောင် စက်ကိုပြန်လုံးလိုက်ပါတယ်။စက်နိုးသွားပါတယ်ခင်ဗျာ။
Wednesday, December 11, 2013
FORME ခေါက်ဖုန်း Speaker လမ်းကြောင်းပြုပြင်ခြင်းမှတ်စု။
စပီကာဖွင့်လိုက်ရင် အသံကတဂျစ်ဂျစ်မြည်နေသည်။မီတာ x1 scale ထားပြီး စပီကာ ကောင်း၊မကောင်းတိုင်းပါတယ်။စပီကာ
ကောင်းနေတာကိုတွေ့ ရတယ်။သူ့  circuit diagram ကိုလိုက်ပါမယ်။
ကောင်းနေတာကိုတွေ့ ရတယ်။သူ့  circuit diagram ကိုလိုက်ပါမယ်။
သူ့ မှာ L=coil ရယ်၊C=condensor ရယ်ပါတယ်။
အရင်ဆုံး link ကထွက်လာပြီး စစခြင်းတွေ့ တာက
coil ပါ။ coil ကိုဖြုတ်လိုက်ပါတယ်။
coil ကိုဖြုတ်ပြီး စပီကာကြိုးကို ခဲပြန်ဆော်ပေးလိုက်ပါတယ်။
ကောင်းမွန်သောအသံကိုကြားရပါတယ်။
Monday, December 9, 2013
ONDA Tablet စက်နိုးမှတ်စု။
ဒီကောင်လေးကလာကထည်းက ပါဝါ ခလုတ်လေးမပါဘူး။MP4အဟောင်းကခလုတ်လေးကို ယူပါတယ်။
သူ့ ရဲ့ ပတ်လမ်းလေးကပြတ်နေတော့အခုလိုမျိုး
ခဲခိုးဆော်လိုက်တာပါ။ဘာ jumper ကြိုးမှမသုံးပါဘူး။အဲ့ဒိနေရာမှာ 2.5 volt ကိုတွေ့ ရပါတယ်။စက်ကိုနိုးကြည့် ပါတယ်။မနိုးပါဘူး။မီတာ 10v scale ထားပြီး 2.5 volt တွေ့ တဲ့နေရာကို
အနီလက်တံ၊အနက်လက်တံကို ground ထားပြီး ပါဝါခလုတ်ကို နှိပ်ကြည့် ပါတယ်။0 volt ပြောင်းပါတယ်။
supply မှာလည်း ဘာ amp မှမပြဘူး။သူ့ ရဲ့ သဘောက-
R030 နဲ့ 4R7 coil တို့ ကို volt ပုံမှန် ရှိ၊မရှိ စစ်ပါတယ်။
အားလုံးပုံမှန် ရှိနေပါတယ်။စက်ကမနိုးသေးပါဘူး။လုပ်စရာတခုပဲကျန်ပါတယ်။

charging regulator group ကိုစစ်ကြည့် ပါတယ်။ရှော့လုံးဝမရှိပါဘူး။လုပ်စရာက-AXP209 ကိုလဲမလား။ခဲပြန်လိုက်ကြည့် မလား။AXP209 ကိုလဲတာနဲ့ စာရင်
ခဲပြန်လိုက်ကြည့် တာပိုကောင်းပါသည်။regulator အပိုင်းကိုပြန်လိုက်
ပါမယ်။
စက်ပြန်နိုးသွားပါတယ်။
Saturday, December 7, 2013
NO POWER TABLET စက်နိုးမှတ်တမ်း။
Battery ကိုခနဖြုတ်ပြီး supply တပ်ပြီးနိုးကြည့် ပါတယ်။ဘာမှမလှုပ်ရှားပါဘူး။အဲ့ဒီတော့ပါဝါခလုတ်တွင်
volt ထွက်/မထွက် စစ်ကြည့်ပါမယ်။
3.5 volt ထွက်နေတာကိုတွေ့ ရပါတယ်။
မီတာ 10 volt scale ထားပြီး 3.5 v တွေ့ သည့် နေရာတွင် အနီလက်တံနှင့်ကျန်လက်တံအနက်ကိုground တွင်ထားပြီးပါဝါခလုတ်နှိပ်ကြည့် ပါမည်။ထို 3.5 volt သည် 0 volt အဖြစ်ပြောင်း၍ု ပြရပါမည်။
0 volt သို့ မပြောင်းပဲ 3.5 volt ကိုသာပြနေတာကိုတွေ့ ရပါတယ်။
မီတာကို x1 scale ထားပြီးပုံအတိုင်း အနီ၊အနက်
ထောက်ပြီး ပါဝါခလုတ်နှိပ်လျှင် မီတာပြလျှင်ထို
ခလုတ်ကောင်းပြီး မပြလျှင်ခလုတ်မကောင်းပါ။
ခလုတ်ကောင်းသည်ကိုတွေ့ ရပါသည်။ဒါဆိုရင်ပါဝါခလုတ်ရဲ့ ခဲချက်များ
လွတ်နေခြင်းဖြစ်နိုင်သည်။ခဲပြန်ဆော်ကြည့် ပါသည်။
လွတ်နေခြင်းဖြစ်နိုင်သည်။ခဲပြန်ဆော်ကြည့် ပါသည်။
စက်ပြန်နိုးသွားပါသည်။
ခဲဆော်တာလေးကိုဗဟုသုတအနေနဲ့ ပြောပြပါမယ်။သိပြိးသူများ
ကတော့ကျော်လိုက်ပါခင်မျာ။
မိမိဆော်လိုသောပါဝါခလုတ်ကခဲဆော်ရမည့် နေရာကိုအရင်ဆုံးထင်းရှူး
ဆီနဲနဲသုတ်ပေးပါ။ပြိးလျှင်ခဲဂေါက်တွင်ခဲအနဲငယ်ပါအောင်ယူပြိးခဲဆော်
မည့် နေရာသို့ ထိယုံလေးတို့ တို့ ပေးပါ။ခဲဂေါက်ကိုအကြာကြီးမထိထားရ
ပါ။အထိုင်ပျော်သွားပါမည်။ပြီးလျှင်တင်ဒါဖြင့်သန့် ရှင်းရေးလုပ်ပေးလိုက်
ပါရန်။

Friday, December 6, 2013
HUAWEI G610 no power နှင့် vibrate တုန်ခြင်း မှတ်စု။
ဂိမ်းကစားရင်းပါဝါသေသွားတာ။အားကုန်တယ်ထင်ပြီးအားသွင်း၊vibrate တောက်ရှောက်တုံနေပြီးစက်မနိုးတော့ဘူး။
supply တပ်တယ်။ရှော့မရှိဘူး။ဒါပေမယ့် vibrate တောက်ရှောက်တုန်နေတယ်။power နိုးတဲ့ conector မှာ volt တိုင်းတယ်။3.5v ပြတယ်။ပါဝါနိုးရင် supply မှာ 0.2 နဲ့ 0.3 amp။အဲ့ဒိအတိုင်းပြန်ရော့မသွားဘူး၊တိုးလဲမတိုးဘူး။အဲ့ဒီလိုအချိန် battery conector အနားvolt ပြန်တိုင်းကြည့် တယ်။volt မညိမ္ဘူး။0.2voltnလောက်တက်လိုက်ကျလိုက်ဖြစ်နေတယ်။ဒါဆိုရှော့ နဲနဲရှိနေတာပေါ့။
power ic နားvolt တွေလိုက်တိုင်းတော့ 1.0,1.1,1.2 နဲ့ ပေးသွင်းvolt3.7 ကိုတွေ့ ရတယ်။ပူလဲမပူဘူး။power ic ကိုထည့် မတွေးဘူး။service အပိုင်းနဲ့ wlan,bluetooth,gps အပိုင်းကိုစဉ်းစားမယ်။vibrate တောက်ရှောက်တုန်နေခြင်းသည် signal တခုခုကြောင့် လို့ တွက်ကြည့် ပါတယ်။အဲဒိတော့  signal လာစရာလမ်းကိုစဉ်းစားရင် service အပိုင်းနဲ့ wlan,bluetooth,gps အပိုင်းပဲရှိမယ်။အဲ့ဒိတော့ service အပိုင်းကိုခနချန်ထားမယ်။wlan,bluetooth,gps အုပ်စုကိုစစ်ပါတယ်။ဘာမှထူးထူးခြားခြားမတွေ့ ရဘူး။
MT6628QP ကိုအပူပေးကြည့် ပါတယ်။
ကောင်းသွားပါတယ်။ဒါပေမယ့် backlight မှိန်ရင်စက်ပြန်မနိုးဘူး။အသေးစိတ်ပြန်စစ်ပါတယ်။PA အောက်ကခဲတွေပူးနေတာကိုတွေ့ ရတယ်။PA ကိုခနဖြုတ်၊ခဲရှင်း PA ကိုပြန်တပ်။
Subscribe to:
Posts (Atom)