Tuesday, April 7, 2015

Nay Myo-G730-C00 standby shock



G730-C00 standby shock
စက်ပြားကို ps နဲ့ ချိပ်လိုက်ရင် တိတိအသံမြည်ပြီး A အဆုံးထိကျသွားပါတယ်
Ps ကို တိတိမမြည်တော့တဲ့အထိ လျော့ချပြီး လက်နဲ့ စမ်းကြည့်ပါတယ် AC9 က သိသိသာသာ ပူနေပါတယ်။
AC9 ပူခြင်းဟာ ပတ်လမ်းအတွင်း shock ကျနေသောကြောင့် ပူခြင်းဖြစ်ပါတယ်။
AC9 က ပျက်ခဲပါတယ် ။ AC9 ဘေးက Cနှစ်လုံးကို ဖြုတ်ပြီး လဲ အသံမြည်တုန်းပါ။
နှစ်ပိုင်းခွဲပြီး ရှာဖို့ စဉ်းစား လိုက်ပါတယ် ။ power ပိုင်း backlight သို့ RF
power အပိုင်းက C တွေကို x1 ဆွဲကြည့်တာ standby အလုံးများ shock ကျနေပါတယ်။
backlight နဲ့ Rf မှာလဲ ထိုနည်းတူစွာဖြစ်နေပါတယ်။
backlight အပိုင်းကို အရင် စ စစ်ပါတယ်။
C တွေဖြုတ်ကြည့်တယ် shock မပျောက်ဘူး
coil ကို ဖြုတ်ကြည့်တယ် shock လွတ်တယ်
ပြန်တပ် shock ပြန်ဖြစ်တယ်။
coil တစ်ခု အစားထိုးလဲကြည့်တယ်မရပါဘူး
လမ်းကြောင်းလိုက်သောအခါ ရုပ်ထွက်ပိုင်းကို အလင်းပေးတဲ့ IC လေး မှာ shock ကျနေပါတယ်
စက်ပြား အဟောင်းမှ ic လေးကို ပုံစံမပျက်အောင်ခွာရပါတယ် ။
ခဲလောင်းသံဇကာမရှိလို့ပါ။
ခုနက ဖြုတ်ထားတဲ့ ic လေးနေရာမှာ တပ်ကြည့်လိုက်ရာ shock လွှတ်သွားပါပြီ
စက်လဲ နှိးပါပြီ။
ပုံတွင် စမ်းပြထားသော LCD မှာ မကောင်းပါ ။ အသစ်မရှိ၍ အဟောင်းနဲ့ ပြထားတာပါ။

အမှားပါရင် ကျွန်တော် အားနဲချက်ပါ။
ဤpost သည်အခုမှလေ့လာစ ဘဝတူ ညီအစ်ကိုများ ရည်ရွယ်ပါသည်။
ဆရာ ဦးမောင်နှိင် ( marmobile) အား ဦးထိပ်ထားလျက်

No comments: