supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိပြန်ကျနှင့် တက်လိုက်ကျလိုက်ဖြစ်နေသော်လည်းရုတ်တရက်ကြည့်လျှင်စက်နိုးနေသည်ဟုထင်ရသော်လည်း
display တွင်ရုပ်လုံးဝမပေါ်ပါ။ထို့ကြောင့်စက်သားကိုဖြုတ်၍ပေါင်းပါသည်။စက်နိုးကြည့်ရာ supply တွင် 0.3 amp အထိတက်၍ 0.1 amp အထိ ပြန်ကျလိုက်
ဖြစ်ပြီး ပါဝါပိတ်လိုက် ဖွင့်လိုက် ၅ ကြိမ်လောက်တွင်တစ်ကြိမ် နိုးသည်ကို အံ့သြစွာတွေ့ရပါသည်။သို့သော် fastboot mode တွင်ရပ်၍ရှေ့ဆက်မတက်ပါ။
ထိုအချိန်တွင် supply တွင် 0.5 မှ 0.7 amp လောက်အတက်အကျဖြစ်နေပါသည်။
volume busbarr ကိုဖြုတ်၍ သန့်ရှင်းရေးလုပ်ပြီး volume conector input သို့ volt ထောက်ကြည့်ရာ 1.7 volt ကို အသံကျယ်ရော အသံတိုးရော volt ၂ နေရာလုံးကောင်းမွန်စွာပြနေသည်ကိုတွေ့ရပါသည်။စဉ်းစားကြည့်ပါမည်။
နံပါတ်တစ်အချက် vibrator တောက်လျှောက်မည်နေခြင်း။
နံပါတ်နှစ်အချက် logo တွင်ရပ်နေခြင်း။
နံပါတ်သုံးအချက် စက်သည်ပုံမှန်အတိုင်း နိုးခြင်းမဟုတ်ပဲ နိုးတစ်လှည့် (logo တွင်ရပ်နေသည်။)၊ မနိုးတစ်လှည့် (display တွင်ရုပ်မပေါ်ပဲ 0.3 amp အထိတက်၍ 0.1 amp အထိပြန်ကျလိုက်ဖြစ်နေခြင်း။)
ထိုအချက်များကိုဆက်စပ်စဉ်းစားကြည့်ရာ စက်ပြားတွင် ၁.အအေးဓါတ် တော်တော်ရှိနေနိုင်ခြင်း။(ပေါင်းခဲ့သော်လည်း အအေးဓါတ် မကုန်။)
၂.ခဲချက်များလွတ်နေနိုင်ခြင်း
ထို ၂ ချက် ကို တခါထည်းလုပ်ကြည့်ပါမည်။ကျွန်တော်လုပ်သလိုတော့ အားလုံးကို မလုပ်စေလိုပါ။ကျွမ်းကျင်ပြီးသူများသာလုပ်ပါရန်။
မကျွမ်းကျင်သေးသူများကတော့ ကျွန်တော်ပညာသင်စကလို ခဲဂေါက်နှင့်သာ လုပ်စေလိုပါသည်။ ခဲဂေါက်နှင့်လုပ်လျှင်လည်းရပါသည်။အချိန်ယူ၍လုပ်မည်ဆိုလျှင်
အဆင်ပြေပါသည်။
ခဲဂေါက်နှင့် လုပ်မည်ဆိုလျှင် မိမိလုပ်မည့် ic အပေါ်ကိုထင်းရှူးဆီ အနဲငယ်သုတ်ပေးပါ။ထင်းရှူးဆီ မများရန်နှင့် အပူပေးနေစဉ် ထင်းရှူးဆီ ခြောက်မသွားရန်သတိပြုပါရန်။

ခဲဂေါက်ထိပ် ခဲကိုများများတို့၍ မိမိလုပ်မည့် ic အပေါ်ကို လိုက်အပူပေးရပါမည်။
ကျွန်တော်ကတော့ heatgun ဖြင့်အပူပေးပါသည်။
စက်သည်ကောင်းမွန်စွာနိုးသွားသော်လည်း စပီကာအသံလုံးဝမထွက်ပါ။နောက်ဖုံးကိုကြည့်လိုက်တော့စပီကာ မပါလာ။စပီကာအစားထိုးသော်လည်းအသံမထွက်ပါ။တော်တော်ဒုက္ခပေးပါသည်။ပါတ်လမ်းပျက်နေဟန်တူပါသည်။ပုံမှန်အတိုင်းတော့မရနိုင်တော့ပါ။နားကြပ်ပေါက်သို့ အသံ ရောက် မရောက် စစ်ပါမည်။နားကြပ်ထိုးရာ အသံကောင်းမွန်စွာ ကြားရပါသည်။ထိုနားကြပ်ထိုးလျှက် ပုံတွင်တွေ့ရသည့်နေရာများသို့ ဇာဂနာဖြင့်တို့ကြည့်၍
စမ်းပါသည်။ထိုနေရာများမှ ပုံတွင်တွေ့ရသည့်အတိုင်း jumper လုပ်ပြီးသကာလ။good-------
စမ်းပါသည်။ထိုနေရာများမှ ပုံတွင်တွေ့ရသည့်အတိုင်း jumper လုပ်ပြီးသကာလ။good-------
No comments:
Post a Comment