supply နှင့် တပ်၍ နိုးလျှင် စက်မနိုးပဲ 0.2 amp ပြနေပြီး၊ပါဝါခလုတ်ကို လွှတ်လျှင်လဲ ပြန်မကျပဲ ထိုအတိုင်းပြနေသည်။ထို့ကြောင့် battery ပြန်တပ်ပြီး usb ကြိုးနှင့် pc ကိုတပ်ကြည့်ရာ battery အားသွင်းပုံပြနေပါသည်။သို့သော် ပါဝါနိုး၍မရပါ။ပါဝါခလုတ် ပျက်သည် ထင်၍ မီတာ x1 scale နှင့် ထောက်ပြီး ပါဝါခလုတ်နှိပ်ကြည့်ရာ မီတာတက်သည်ကို တွေ့ရပြီး ပြန်လွှတ်လျှင် ပြန်ကျရာ
ပါဝါခလုတ်လည်း ကောင်းနေပြန်သည်။
သို့သော် ပါဝါ ခလုတ် ကိုမနှိပ်ပဲ ဒီအတိုင်း မီတာထောက်ထားရာ မီတာ တက်နေသည်ကို တွေ့ရပါသည်။
ဒါဆို ပုံဆံပြောင်း တိုင်းမှ အဆင်ပြေတော့မည်။
supply နှင့်ပြန်တပ်ပြီး ပါဝါခလုတ်ကို volt ရောက်၊မရောက် တိုင်းကြည့်ရာ ပေးသွင်းဗို့ 3.7 volt
ကို တွေ့ရပါသည်။အဲ့ဒိအတိုင်း ပါဝါခလုတ်ကို နှိပ်ကြည့်ရာ ပုံမှန်အတိုင်းဆိုရင် 3.7 volt မှ 0 volt သို့ပြောင်းရ မည်ဖြစ်ရာ မပြောင်းပဲ 3.7 volt အဖြစ်သာ တွေ့ရသည့်အတွက် အဖြေတော်တော် ရှင်းသွား
ပါပြီ။ပါဝါခလုတ် ခဲရာလေးများကို ခဲပြန်ဆော် ပေးလိုက်ပါသည်။
3.7 volt မှ 0 volt သို့ပြောင်း၊မပြောင်း ပြန်စစ်ကြည့်ရာ 0 volt သို့ပြောင်းသွားပြိး စက်လည်း နိုးသွားပါသည်။
သိမ်းထားလိုသူတွေအတွက်-http://www.mediafire.com/download/9m5rqfivo5idgum/huawei+220t+no+power.pdf
အောင်မြင်ပါစေ။
No comments:
Post a Comment