Battery ကိုခနဖြုတ်ပြီး supply တပ်ပြီးနိုးကြည့် ပါတယ်။ဘာမှမလှုပ်ရှားပါဘူး။အဲ့ဒီတော့ပါဝါခလုတ်တွင်
volt ထွက်/မထွက် စစ်ကြည့်ပါမယ်။
3.5 volt ထွက်နေတာကိုတွေ့ ရပါတယ်။
မီတာ 10 volt scale ထားပြီး 3.5 v တွေ့ သည့် နေရာတွင် အနီလက်တံနှင့်ကျန်လက်တံအနက်ကိုground တွင်ထားပြီးပါဝါခလုတ်နှိပ်ကြည့် ပါမည်။ထို 3.5 volt သည် 0 volt အဖြစ်ပြောင်း၍ု ပြရပါမည်။
0 volt သို့ မပြောင်းပဲ 3.5 volt ကိုသာပြနေတာကိုတွေ့ ရပါတယ်။
မီတာကို x1 scale ထားပြီးပုံအတိုင်း အနီ၊အနက်
ထောက်ပြီး ပါဝါခလုတ်နှိပ်လျှင် မီတာပြလျှင်ထို
ခလုတ်ကောင်းပြီး မပြလျှင်ခလုတ်မကောင်းပါ။
ခလုတ်ကောင်းသည်ကိုတွေ့ ရပါသည်။ဒါဆိုရင်ပါဝါခလုတ်ရဲ့ ခဲချက်များ
လွတ်နေခြင်းဖြစ်နိုင်သည်။ခဲပြန်ဆော်ကြည့် ပါသည်။
လွတ်နေခြင်းဖြစ်နိုင်သည်။ခဲပြန်ဆော်ကြည့် ပါသည်။
စက်ပြန်နိုးသွားပါသည်။
ခဲဆော်တာလေးကိုဗဟုသုတအနေနဲ့ ပြောပြပါမယ်။သိပြိးသူများ
ကတော့ကျော်လိုက်ပါခင်မျာ။
မိမိဆော်လိုသောပါဝါခလုတ်ကခဲဆော်ရမည့် နေရာကိုအရင်ဆုံးထင်းရှူး
ဆီနဲနဲသုတ်ပေးပါ။ပြိးလျှင်ခဲဂေါက်တွင်ခဲအနဲငယ်ပါအောင်ယူပြိးခဲဆော်
မည့် နေရာသို့ ထိယုံလေးတို့ တို့ ပေးပါ။ခဲဂေါက်ကိုအကြာကြီးမထိထားရ
ပါ။အထိုင်ပျော်သွားပါမည်။ပြီးလျှင်တင်ဒါဖြင့်သန့် ရှင်းရေးလုပ်ပေးလိုက်
ပါရန်။

No comments:
Post a Comment