Monday, January 6, 2014

CHARGING AND REGULATOR



                                               CHARGING AND REGULATOR


ပထမမျှားပြထားတဲ့နေရာကို ဗို့ရောက်၊မရောက်အရင်စစ်ပါ့မယ်။မတွေ့ရင် usb pin no 1 မှာဗို့ရှိ၊မရှိအရင်စစ်မယ်။pin မှာဗို့တွေ့ပြီးရင်ပုံထည်းကအတိုင်းfuseကို
ဖြုတ်ရမှာပါ။fuse ဒီဘက်ထိပ်မှာ ဗို့မတွေ့ရင် fuse ပြတ်နေတာသေချာပြီ။fuse ထိပ်မှာဗို့တွေ့ရပြီးလျှင်ကွိုင်ကိုဖြတ်မှာပါ။ကွိုင်ပြီးရင်ပထမမျှားပြတဲ့နေရာကိုရောက်
ပါပြီ။အကယ်၍ဒီနေရာမှာ fuse လည်းကောင်းသည်။coil လည်းကောင်းရဲ့နဲ့ဗို့ပျောက်နေတယ်ဆိုရင်တော့ R101,C105,C106,C101စသည်တို့ကိုဖြုတ်လိုက်ရမှာ
ပါ။အဲ့ဒိကောင်လေးတွေဖြုတ်လိုက်မှဗို့တွေ့ရပြီဆိုရင်တော့ စက်ပြားတူထည်းကဖြုတ်ပြီးလဲပေးလိုက်ရင်ရပါပြီ။ဒါတွေမလုပ်ချင်ဘူးဆိုရင်တော့ကဒ်အသစ်လဲပေးရန်။



နံပါတ် ၁ လမ်းကြောင်းက ICရဲ့pin A1,A2သို့ အဝင်ပါ။1 ပြထားတဲ့နေရာမှာအရင်တိုင်းမည်။ဗို့တွေ့ရင်ကွိုင်ဒီဘက်ထိပ်မျှားပြတဲ့နေရာကိုတိုင်းယုံပဲ။ဗို့မတွေ့ရင်
IC လဲကြည့်ပါ။IC လဲကြည့်လို့မှ IC လည်းကောင်းရဲ့သားနဲ့ဗို့မထွက်ရင် လျှော့ရှိပါပြီ။လျှော့ရှိတဲ့ကောင်ပူနေမှာပါ။ဖြုတ်လိုက်ယုံပါပဲ။ဘုတ်တူကအစားထိုးပေါ့။
ဗို့တွေ့ရပြီဆိုရင် 2 ပြထားတဲ့ကွိုင်ထိပ်ကိုတိုင်းမည်။မတွေ့ရင်ကွိုင်လဲ။တွေ့ရင်တော့ 3 ပြထားတဲ့နေရာဆက်တိုင်းမည်။မတွေ့ရင်တော့ R 068 ဆိုတဲ့ကောင်လဲယုံ
ပါပဲ။C 923=10 U လေးကိုတော့သတိထားပေါ့။ဒါဆို ဗို့ထွက်ပါပြီ။ဗို့ထွက်ပြီဆိုတာနဲ့သူ့ဆီကသွားတဲ့နေရာလေးတွေကိုအောက်ကပုံထည်းမှာကြည့်ပါ။















1 ပြထားတဲ့နေရာနှင့် power ic ကိုရောက်ပါသည်။1 နဲ့တဆက်ထည်း ဒိုင်အုတ်လျှော့ရှိလို့ ဗို့တက်လိုက်ကျလိုက်ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ပူနေရင်ပဲဖြစ်ဖြစ်လဲပေးပါ။
Transistorမကောင်းရင် 2 မှာဗို့တွေ့ရမှာမဟုတ်ပါဘူး။3.3..3.5..3.7 v တခုခုတွေ့ရမှာပါ။အကယ်လို့ 2.4 v ပဲဆိုရင်လဲမမှားပါဘူး။နံပါတ် 3 ကို power ic က
ဂိတ်ထားလို့ပါ။အားသွင်းခြင်း၊ရပ်ခြင်း commend ကို power ic က နံပါတ် 3 ကိုပေးပါတယ်။ပါဝါနိုးတာပဲဖြစ်ဖြစ်၊အားသွင်းတာပဲဖြစ်ဖြစ် power ic ရဲ့အမိန့်ကို
3 ကနာခံရပါသည်။ဒါဆိုရင် အားသွင်းတဲ့အပိုင်းအဆင်ပြေပါပြီ။အားသွင်းရင်ခနလေးနဲ့ပြည့်ပြီး၊သုံးရင်အားခနပဲခံတဲ့ပြဿနာကိုဆက်ရှင်းပါမည်။
များသောအားဖြင့်တော့ battery ampere မတောင့်တော့ခြင်း၊အားသွင်းထားရင်း battery တအားပူနေခြင်းတို့ကြောင့်ဖြစ်ပါသည်။ဒီဟာတွေအားလုံးကောင်းတယ်
ဆိုရင်တော့ bsi နဲ့ဆိုင်သွားပါပြီ။battery status indicator =battery ရဲ့အခြေအနေကို power ic ကိုသတင်းပို့တဲ့လိုင်းလေးပါ။ဒီအမျိုးအစားမှာတော့   အလယ်
ငုတ်ပေါ့။အသေတော့မမှတ်ကြပါနဲ့။battery မှာပြထားတာကိုကြည့်ပြီးဆုံးဖြတ်ပေးကြပါ။battery conector ဘေးမှာအနီရောင်  လေးထောင့်   လေးတွေပြထားပါ
တယ်။ဒါကအလယ်ငုတ်ကထွက်တာပါ။သူ ၂ခုရဲ့အလယ်ကိုတိုင်းကြည့်ယုံပါပဲ။battery တော့တပ်ထားပါ။မဟုတ်ရင် နံပါတ် 3 ကိုဂိတ်ထားမှာကိုမမေ့စေလိုပါ။
Bsi ရဲ့အဲ့ဒိကောင်လေးတွေကောင်းတယ်ဆိုရင် power ic ကိုသွားတဲ့ link လေးကိုဆက်ရှင်းပါမယ်။
အဲ့ဒိကောင်လေးပါ။ဒါဆိုရင် အားသွင်းမြန်ပြီး၊သုံးရင် ခနပဲခံတာ ဖြေရှင်းလို့ရပြီထင်ပါတယ်။schematic diagram ကတော့သူ့ diagram မဟုတ်ပါ။သဘောတရား
တူလို့ မှီငြမ်းထားခြင်း ဖြစ်ပါသည်။

သိမ်းထားလိုသူများအတွက်-http://www.mediafire.com/download/bi5r2mui4uk8077/CHARGING+AND+REGULATOR.pdf

                                                                                         အောင်မြင်ကြပါစေ။

2 comments:

Unknown said...

i like blog page.
my name is phoe lone .
i live in kyaukse.
my work Electronic repair.
this good blog.
i phone no 09 33150491.
you ph?
by by.



KTZ2 said...

Thank my brother.good post like it.